Blog

Google Talk သုံးသူများ သတိထားပါ

Google Talk အသုံးပြုသူများအနေနဲ့ သတိထားဖို့လိုတဲ့ကြောင်းတစ်ခုပါ။zunpwimt@gmail.comamyothameeyayyar@gmail.commytutp@gmail.compmgmgsoe@gmail.comangelmaylin@gmail.comအထက်ပါအီးမေးလိပ်စာများနဲ့ လာပြီး invite လုပ်လာရင် လုံးဝလက်မခံလိုက်ကြပါနဲ့။ အထူးသဖြင့် မိန်းကလေးများကို အဓိက invite လုပ်တယ်လို့ သိရပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ Google Talk မှာရှိတဲ့လူများကို လိုက်ပြီး မကြားဝံ့မနာသာစကားများကို ပြောနေတယ်လို့သိရတယ်ခင်ဗျာ။ နောက်ပြီး မကောင်းသော စာများပါတဲ့အီးမေးများကိုလည်း ပို့နေပါတယ်။ အဲဒီတော့ကာ အားလုံးဒီအီးမေးလိပ်စာများကိုမှတ်ထားပြီး လက်မခံကြဖို့သတိပေးလိုက်ပါတယ်။ ကိုးကားချက်။ ။ mgthantzin , mmhan

continue reading
31.08.2006 | 1 Comment
Uncategorized

ကျောင်းပိတ်ရက်

ဒီနေ့တော့ စာမေးပွဲဆိုတာကြီးကို ကျော်ဖြတ်ပြီးသွားတဲ့ နေ့ပါပဲ။ တော်တော်တော့ စိတ်ထဲမှာပေါ့ပါးသွားတယ်။ အရမ်းဖြေနိုင်ခဲ့လားဆိုရင်တော့ အဲဒီလိုလဲမဟုတ်လှပါဘူးဗျာ။ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ပါတယ်။ ကျောင်းပိတ်ရက်ဆိုပေမယ့် သိပ်တော့နားရမယ်မထင်ပါဘူး။ လုပ်စရာတွေကလည်းများတယ်ဗျာ။ အပိုဝင်ငွေလေးရအောင်လည်း ရှာရဖွေရဦးမှပေါ့။ ဗမာပြည်ပြန်မယ့်သူတွေအတွက်တော့ ပျော်စရာကြီးပဲ။ ကျွန်တော်ကတော့ ပြန်နိုင်သေးဘူး။ လေယဉ်လက်မှတ်က ဈေးကြီးတယ်လေ။ အဲဒီတော့ ဒီမှာပဲ ဆက်လှုပ်ရှားနေရဦးမှာပေါ့။

continue reading
24.08.2006 | 0 Comment
Uncategorized

NFC Manager

ဒီဂိမ်းကို လူတော်တော်များများကတော့ သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် မသိသေးသူများအတွက်ထပ်ပြီးတော့ ရေးလိုက်တာပါ။ ဘောလုံဝါသနာရှင်များကတော့ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒီဂိမ်းဟာ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်တွေအရ ကစားရတာဖြစ်ပါတယ်။ ကစားဖို့အတွက် ပထမဦးဆုံး အသင်းနာမည်ရွေးပြီးတော့ အသင်းတစ်သင်းထူထောင်ရပါတယ်။ ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားတွေကိုရွေးပြီးတော့ အသင်းဖွဲ့လို့ရပါပြီ။ အမှတ်ပေးစနစ်ကတော့ ကိုယ့်အသင်းမှာရှိတဲ့ ဘောလုံသမားတွေရဲ့ တကယ့်ပွဲစဉ်တွေမှာကစားတဲ့ စွမ်းစောင်ရည်ပေါ်မူတည်ပြီးတော့ အမှတ်ပေးမှာဖြစ်ပါတယ်။ ဆုကြေးတွေကတော့ စိတ်ဝင်စားစရာပါပဲ။ တစ်လချင်းအလိုက် အမှတ်အများဆုံးအသင်းကို အမေရိကန်ဒေါ်လာ ၂၀၀ ပေးမှာတဲ့ဗျာ။ တစ်နှစ်လုံးအမှတ်အများဆုံးဆိုရင်တော့ အင်္ဂလန်ကို စရိတ်ငြိမ်းသွားရမယ့်အပြင် အမေရိကန်ဒေါ်လာ ၃၀၀၀ တောင်ရမှာဆိုပဲ။ အသေးစိတ်အချက်အလက်များကိုတော့ NFC Manager ဒီနေရာမှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

continue reading
23.08.2006 | 0 Comment
Uncategorized

last paper

3 papers have done. tomorrow will be my last paper for this sem. as it is left only one paper, i feel a bit relax. but last few days, before the exam, i got tension and pressure.i could’t do very well in last paper. ‘coz it is new module and…

continue reading
23.08.2006 | 0 Comment
Uncategorized

မြန်မာဖောင့်

မြန်မာဖောင့်ကိုစမ်းသပ်ခြင်းဖြစ်ပါတယ်။

continue reading
21.08.2006 | 0 Comment
Uncategorized
Page 1 of 212»