Blog

ဖြေကြည့်

ဘလော့ဘက်ကိုလှည့်မကြည့်ဖြစ်တာလည်း တော်တော်ကိုကြာသွားပြီ။ အားမှမအားတာပဲဗျာ။ ဘာလို့လဲဆိုရင်တော့ အခုက ကျောင်းအားလပ်ရက်လေ။ ဒီတော့ကာ အများသူငှာတို့လိုပဲ အကျိုးရှိအောင် အပိုဝင်ငွေလေးများ ရှာနေရတာပေါ့။ သတိထားမိတာတစ်ခုကတော့ ဟိုကိုမပြန်ဖြစ်တဲ့သူတော်တော်များများက အဲဒီလိုအလုပ်လေးတွေ ရှာဖွေပြီးလုပ်နေကြတာပါ။ ဘာမှတော့ မဟုတ်ပေမယ့် တစ်ခုတော့ ခေါင်းထဲကိုဝင်လာလို့စဉ်းစားမိတယ်။ ဒီကိုမလာခင် ကျွန်တော်တို့ ဟိုမှာနေတုန်းက အဲဒီလိုအားလပ်ချိန်လေးတွေကို ဘယ်လိုဖြတ်သန်းခဲ့သလည်းဆိုတာ။ သေချာတာကတော့ ဘယ်သူမှ အလုပ်မလုပ်ပါဘူး။ အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတာ စာအုပ်တွေထဲမှာပဲ ဖတ်ဖူးခဲ့ကြမယ်ထင်တယ်။ လမ်းဘေးမှာ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ အချိန်ဆိုတာ အလကားရတယ်ထင်လို့လားမသိ။ အလကားဖြစ်အောင်နေတယ်ဗျ။ အေးပေါ့လေ။ လုပ်စရာအလုပ်ဆိုတာမှ မရှိတာပဲ။ နော်။ အပူအပင်ဆိုတာလဲ မရှိတာလား မသိတာလားတော့ မသိဘူး။ ကောင်းတော့ ကောင်းသလိုပဲ။ စဉ်းစားမိတယ်။ ဘာလို့များ ဒီမှာ လာပြီးတော့…

continue reading
22.09.2006 | 0 Comment
Uncategorized

၉/၁၁

လွန်ခဲ့တဲ့ ၅ နှစ် ဒီရက်မှာ တစ်ကမ္ဘာလုံးတုန်လှုပ်သွားရတဲ့အဖြစ်အပျက်ကြီးဖြစ်ခဲ့တယ်။ ကမ္ဘာ့ကုန်သွယ်မှုအဆောက်အအုံကြီးကို လေယဉ်တွေနဲ့အစွန်းရောက်ဝါဒီတွေက ၀င်တိုက်လိုက်တာ လူပေါင်းထောင်နဲ့ချီပြီးသေခဲ့ရတယ်။ ၅ နှစ်ဆိုတဲ့အချိန်ကိုကျော်ဖြတ်လာခဲ့ပေမယ့် ဘယ်တော့မှ မမေ့နိုင်တဲ့သမိုင်းဝင်နေ့ဖြစ်ခဲ့တယ်။ အဲဒီတုန်းက အဖြစ်အပျက်ကိုမှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတိပ်ခွေကို ကြည့်လိုက်ရပါတယ်။ ကြည့်နေရင်းနဲ့စိတ်ထဲမှာ တော်တော်ကြီးကို ခံစားရတယ်။ မီးတွေတဟုန်းဟုန်းတောက်နေတဲ့ အထပ်ပေါင်းများစွာမြင့်မားလှသောအဲဒီဆောက်အအုံထဲမှာ ပိတ်မိနေတာကိုယ်သာဆိုရင်ဆိုတဲ့အတွေးက ၀င်လာပါတယ်။ အောက်ကိုခုန်ဆင်းဖို့ဆိုတာက သေရုံမှတပါးအခြားမရှိပါဘူး။ သေချိန်ကိုထိုင်စောင့်နေရတဲ့အဖြစ်။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့များ ဒီလိုလုပ်လိုက်ပါလိမ့်။ အဲဒီအချိန်ကစလို့ လူတွေအားလုံး ကျီးလန့်စာစားနဲ့။ ဟိုနေရာကဗုံးပေါက်မလား၊ ဒီနေရာကဗုံးပေါက်မလားနဲ့ဖြစ်နေရပြီ။ ဒါနဲ့လည်းအားမရသေးပါဘူး။ ရထားပေါ်မှာပေါက်လိုက်။ ကားပေါ်မှာပေါက်လိုက်။ ထပ်ပြီးလဲဖေါက်ဦးမယ်လို့ ကြုံးဝါးနေတုန်းပါပဲ။ မလုပ်ကြပါနဲ့တော့ ဦးလေးကြီးတို့ရယ်။ ကမ္ဘာကြီးလည်း ရစရာကိုမရှိတော့ပါဘူး။

continue reading
11.09.2006 | 1 Comment
Uncategorized

စီးပွားရေးနဲ့ဘောလုံးလောက

ပရီးမိးယားလိဂ်ဘောလုံးပွဲတွေလည်းပြန်စနေကြပြီပေါ့။ အပြောင်းအရွေ့ဈေးကွက်မပိတ်မီမှာ အသင်းတော်တော်များများက လူသစ်များဝယ်ယူပြီး အားဖြည့်နေကြတာကိုတွေ့ရတယ်။ အဲဒီအထဲမှာ အထူးခြားဆုံးနဲ့ မထင်မှတ်ဆုံးကတော့ အများသိပြီးကြတဲ့အတိုင်း ၀က်(စ်)ဟမ်းအသင်းကို အာဂျင်တီးနားလက်ရွေးစင်နှစ်ဦးဖြစ်တဲ့ တီဗက်(စ်)နဲ့ မာရှေရာနိုတို့ ပြောင်းရွေ့သွားတဲ့သတင်းပါ။ ဘာလို့မထင်မှတ်သလဲဆိုတော့ ၀က်(စ်)ဟမ်းအသင်းဆိုတာ ပရီးမီးယားလိဂ်မှာ အောက်ဆုံးကအသင်းပါ။ ပထမတန်းရောက်လိုက် ပြန်တက်လာလိုက်နဲ့ဖြစ်နေတဲ့အသင်းပေါ့။ အဲဒီလိုအသင်းမျိုးကို တကယ့်ကမ္ဘာကျော်ဘောလုံးသမားနှစ်ယောက်က လာကစားတယ်ဆိုတာ ဘာအကြောင်းတွေများရှိနေလို့လဲ။ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ လူတော်တော်များများကတော့ ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ခုခုတော့ရှိနေတယ်လို့ယူဆကြပါတယ်။ အဲဒီလိုယူဆချက်တွေဟာ အလကားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တီဗက်(စ်)နဲ့မာရှေရာနိုတို့ရဲ့ ယခင်ကလပ်ကိုရင်သီရမ်ဟာ လန်ဒန်အခြေစိုက်စီးပွားရေးလုပ်ငန်းကြီးတစ်ခုကပိုင်တာပါ။ ၀က်(စ်)ဟမ်းကိုဝယ်ဖို့ကြိုးစားနေတဲ့ ဂျော်ဂျီယာကသူဋ္ဌေးကြီးတစ်ယောက်နဲ့ အဲဒီကုပ္ပဏီရဲ့အကြီးအကဲတို့ကရင်းနှီးတယ်လို့ပြောကြပါတယ်။ ဒီအပြောင်းအရွေ့ရဲ့နောက်ကွယ်မှာ သူတို့ဟာအဓိကကြိုးကိုင်သူများဖြစ်ပြီး ချယ်ဆီးသူဋ္ဌေး အေဘရာမိုဗစ်ပါ ပတ်သက်နေလိမ့်မယ်လို့ခန့်မှန်းနေကြပါတယ်။ဘောလုံးဆိုတာတစ်ကယ်တော့ တစ်ကမ္ဘာလုံးအားပေးမှုအများဆုံးပါ။ အဲဒါကြောင့် စီးပွားရေးသမားများက ဘောလုံးလောကကိုစိတ်ဝင်စားလာကြပါတယ်။ ဘောလုံးဟာအားကစားနည်းတစ်ခုပါ။ ဒါပေမယ့် စီးပွားရေးသမားများက စီးပွားရေးဆန်စွာနဲ့…

continue reading
5.09.2006 | 0 Comment
Uncategorized