Blog

ဖြေကြည့်

ဘလော့ဘက်ကိုလှည့်မကြည့်ဖြစ်တာလည်း တော်တော်ကိုကြာသွားပြီ။ အားမှမအားတာပဲဗျာ။ ဘာလို့လဲဆိုရင်တော့ အခုက ကျောင်းအားလပ်ရက်လေ။ ဒီတော့ကာ အများသူငှာတို့လိုပဲ အကျိုးရှိအောင် အပိုဝင်ငွေလေးများ ရှာနေရတာပေါ့။ သတိထားမိတာတစ်ခုကတော့ ဟိုကိုမပြန်ဖြစ်တဲ့သူတော်တော်များများက အဲဒီလိုအလုပ်လေးတွေ ရှာဖွေပြီးလုပ်နေကြတာပါ။ ဘာမှတော့ မဟုတ်ပေမယ့် တစ်ခုတော့ ခေါင်းထဲကိုဝင်လာလို့စဉ်းစားမိတယ်။ ဒီကိုမလာခင် ကျွန်တော်တို့ ဟိုမှာနေတုန်းက အဲဒီလိုအားလပ်ချိန်လေးတွေကို ဘယ်လိုဖြတ်သန်းခဲ့သလည်းဆိုတာ။ သေချာတာကတော့ ဘယ်သူမှ အလုပ်မလုပ်ပါဘူး။ အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတာ စာအုပ်တွေထဲမှာပဲ ဖတ်ဖူးခဲ့ကြမယ်ထင်တယ်။ လမ်းဘေးမှာ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ အချိန်ဆိုတာ အလကားရတယ်ထင်လို့လားမသိ။ အလကားဖြစ်အောင်နေတယ်ဗျ။ အေးပေါ့လေ။ လုပ်စရာအလုပ်ဆိုတာမှ မရှိတာပဲ။ နော်။ အပူအပင်ဆိုတာလဲ မရှိတာလား မသိတာလားတော့ မသိဘူး။ ကောင်းတော့ ကောင်းသလိုပဲ။ စဉ်းစားမိတယ်။ ဘာလို့များ ဒီမှာ လာပြီးတော့…

continue reading
22.09.2006 | 0 Comment
Uncategorized