ကော်ပီဖြစ်သတဲ့
အော်…. ဒီဘလော့ကို ဘာမှမလုပ်ဖြစ်တာလည်း ကြာပြီပေါ့။ အလုပ်တွေကလည်းရှုပ်၊ ရေးစရာအကြောင်းအရာတွေလည်း သိပ်မရှိဆိုတော့ ဒီအတိုင်းပဲထားလိုက်မိတယ်။ မြန်မာဘလော့တွေလည်းများလာတယ်ဆိုလို့ ၀မ်းသာမိပါရဲ့။ ဒါပေမယ့် ဘာတွေဖြစ်ပျက်နေကြတယ်ဆိုတာတော့ မသိခဲ့တာအမှန်ပဲဗျ။ ဒီနေ့မှ မမျှော်လင့်ပဲ အဖြစ်အပျက်တွေကို ကိုယ်တွေ့မြင်လိုက်ရတော့ ဘာပြောရမှန်းကို မသိအောင်ပဲ။ တကယ်ဆိုရင် ကျွန်တော်လုံးဝကို မအားဘူး။ လုပ်စရာတွေက ပြည့်လို့။ ဒါပေမယ့် အဲဒါတွေကိုဘေးချပြီး မဖြစ်စလောက်ဥာဏ်လေးနဲ့ နည်းနည်းလောက်တော့ ရေးမှဗျာ။ ကျွန်တော်ဘလော့စရေးဖြစ်တာ ဘာမှမကြာသေးပါဘူး။ တကယ့်ကို ချာတိတ်လေးပေါ့ဗျာ။ အဲဒီလို မျက်စိသူငယ်နားသူငယ်နဲ့ မတတ်တခေါက်လေးလျှောက်ပြီး လုပ်နေခဲ့တာပေါ့။ ဟိုဘလော့လေးတွေကြည့်လိုက် ဒီဘလော့လေးတွေကြည့်လိုက်နဲ့။ တချို့ဘလော့တွေကိုတော်တော်လေးခိုက်တာလည်း ရှိတာပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာတော့ ကောင်းကောင်းမသိတာအမှန်ပဲ။ ဒါနဲ့ပဲ ဟိုဟာလေးစမ်းလိုက်၊ ဟိုလူကိုမေးလိုက်နဲ့ပဲ ဒီဘလော့လေးဖြစ်လာခဲ့တယ်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့မှာ…
continue reading