Blog

ကော်ပီဖြစ်သတဲ့

အော်…. ဒီဘလော့ကို ဘာမှမလုပ်ဖြစ်တာလည်း ကြာပြီပေါ့။ အလုပ်တွေကလည်းရှုပ်၊ ရေးစရာအကြောင်းအရာတွေလည်း သိပ်မရှိဆိုတော့ ဒီအတိုင်းပဲထားလိုက်မိတယ်။ မြန်မာဘလော့တွေလည်းများလာတယ်ဆိုလို့ ၀မ်းသာမိပါရဲ့။ ဒါပေမယ့် ဘာတွေဖြစ်ပျက်နေကြတယ်ဆိုတာတော့ မသိခဲ့တာအမှန်ပဲဗျ။ ဒီနေ့မှ မမျှော်လင့်ပဲ အဖြစ်အပျက်တွေကို ကိုယ်တွေ့မြင်လိုက်ရတော့ ဘာပြောရမှန်းကို မသိအောင်ပဲ။ တကယ်ဆိုရင် ကျွန်တော်လုံးဝကို မအားဘူး။ လုပ်စရာတွေက ပြည့်လို့။ ဒါပေမယ့် အဲဒါတွေကိုဘေးချပြီး မဖြစ်စလောက်ဥာဏ်လေးနဲ့ နည်းနည်းလောက်တော့ ရေးမှဗျာ။

ကျွန်တော်ဘလော့စရေးဖြစ်တာ ဘာမှမကြာသေးပါဘူး။ တကယ့်ကို ချာတိတ်လေးပေါ့ဗျာ။ အဲဒီလို မျက်စိသူငယ်နားသူငယ်နဲ့ မတတ်တခေါက်လေးလျှောက်ပြီး လုပ်နေခဲ့တာပေါ့။ ဟိုဘလော့လေးတွေကြည့်လိုက် ဒီဘလော့လေးတွေကြည့်လိုက်နဲ့။ တချို့ဘလော့တွေကိုတော်တော်လေးခိုက်တာလည်း ရှိတာပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာတော့ ကောင်းကောင်းမသိတာအမှန်ပဲ။ ဒါနဲ့ပဲ ဟိုဟာလေးစမ်းလိုက်၊ ဟိုလူကိုမေးလိုက်နဲ့ပဲ ဒီဘလော့လေးဖြစ်လာခဲ့တယ်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့မှာ ပါရမီဆိုတဲ့ဟာကြီးက မပါလို့လားမသိဘူးဗျာ။ ဘာမှ ထူးခြားဆန်းပြားတဲ့ ဘလော့တော့ဖြစ်မလာဘူး။ ကျွန်တော်လည်းတတ်သလောက်မှတ်သလောက်လေးတွေနဲ့ ဘန်နာလေးဆွဲ ဟိုဟာလေးပြင်၊ ဒီဟာလေးထည့် လုပ်လိုက်တယ်။ ဘာမှထူးခြားနေတဲ့ဘလော့တော့ မဟုတ်ပေမယ့် ကိုယ့်ဘလော့ကို ကိုယ်ကြည့်ပြီးတော့ စိတ်ကလေးကကြည်နူးမိသားဗျ။ ဒီလိုနဲ့နေလာခဲ့တာ ခုမှပဲ ကျွန်တော့ကိုယ်ကျွန်တော် သူများဟာတွေခိုးချနေသလို(တချို့သောဂုရုကြီးများ၏ပြောကြားချက်အရ) ဖြစ်လာတယ်။ စိတ်မကောင်းပါဘူးဗျာ။

ဒီဘလော့စလုပ်တော့ တန်းပလိပ်တွေအများကြီးထဲက ဒီဟာလေးကိုကြိုက်လို့ ယူလိုက်မိတယ်။ အနက်ရောင်ကို ကျွန်တော်ကကြိုက်တယ်လေ။ ယောက်ျားလေးတော်တော်များများကလည်း ဒီအရောင်ပဲကြိုက်ကြမယ်ထင်တာပဲ။ လေးအောက်ကလေးကိုလည်းကြိုက်တယ်ဆိုတော့ အိုကေပေါ့။ ရွေးလိုက်တယ်။ ကျွန်တော်ကလည်း တော်တော်လေးကို ညံ့တယ်။ အဲဒီ စီအက်(စ်)အက်(စ်) တို့ ဘာတို့ကို ကျောင်းမှာတော့သင်ပါရဲ့။ လူကတုံးလေတော့ ဒီတန်းပလိတ်ကို ဘယ်လိုပြင်ရင်ကောင်းမလဲလို့စဉ်းစားနေတာ။ ခုထိပါပဲ။ ကိုယ်ပိုင်တန်းပလိတ်လုပ်ဖို့ဆိုတာ ပိုဆိုးပေါ့။ ဖြစ်အောင်တော့ လုပ်ရတော့မှာပဲလေ။ အနက်ရောင်ကြိုက်တဲ့ စိတ်ကိုလည်း ပြောင်းနိုင်ဖို့ကြိုးစားကြည့်ပါအုံးမယ်။ ဒါပေမယ့်ခုထိတော့ ကြိုက်နေတုန်းပဲမို့ ဒီဘက်ဂရောင်းလေးကိုပဲသုံးပါရစေလားဗျာ။ ရှောက်ဘောက်(စ်)လေးကိုလည်း ဒီတိုင်းပဲထားပါရစေ။ အနုပညာပါရမီကလည်းနည်းလေတော့ ဘလော့လေးကို လှအောင် ရောင်စုံလေးတွေလည်း ဘယ်လိုထည့်ရမှန်း သိဘူးဖြစ်နေတယ်။ ဘာဒီဇိုင်းသင်တန်းမှလည်းမတက်၊ ဒီဇိုင်းအကြောင်းလည်းမသိဆိုတော့ ခပ်ပိန်းပိန်းဘလော့လေးတစ်ခုထက် မပိုပါဘူး။ ဒါပေမယ့် ကျွန်တော့အတွက်တော့ တန်ဖိုးရှိပါတယ်။ ခုမှပဲ ကျွန်တော်ထင်တာတွေ မဟုတ်ပါလားလို့ သိလိုက်ရတယ်ဗျာ။

အခုပြောနေကြတဲ့ အထဲမှာ ကျွန်တော့ဘလော့လေးလည်း ပါနေလားလို့ သိချင်လိုက်တာ။ တကယ်လို့ ကျွန်တော့ဘလော့ကပါ အဲဒီ ၉၀% သောကော်ပီကူးသူများထဲမှာပါနေတယ်ဆိုရင်လဲ ကိုကို မမ တို့ ကျွန်တော့ကို ပြောကြပါ။ ပြီးတော့ အဲဒီလို မောင်ကော်ပီ မဖြစ်ရအောင် လမ်းညွှန်ပေးကြပါဦး။ အခုမှပဲ ကိုယ့်ကိုယ်ကို လိပ်ပြာတောင် မလုံချင်တော့ဘူး။ ဒီလိုပြောလို့ ကျွန်တော်ကပဲ ကော်ပီကူးထားသလို။ အလကား ဖရီးပေးထားတဲ့တန်းပလိတ်ကို သုံးထားတာတော့ ကော်ပီလို့ မပြောကြလောက်ပါဘူး။ နော်။

ကျွန်တော့ သူငယ်ချင်းတွေကို ကြုံရင်ပြောပေးပါ့မယ်။ ရှောက်ဘောက်(စ်) ထဲမှာ လူကြီးလူကောင်းဆန်ဆန်ပြော

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

17.10.2006 | 6 Comments
Uncategorized
6 Comments to “ကော်ပီဖြစ်သတဲ့”
1 2
  1. ဒါတွေထားလိုက်ပါတော့ဗျာ။ ဘာမှဟုတ်ကြတာလည်းမဟုတ်ပဲနဲ့။ အလကားနေရင်း ရှိစုမဲ့စု မြန်မာဘလော့ဂါနည်းနည်းလေးထဲမှာ စကားတွေများနေရတာမကောင်းပါဘူး။
    တတ်တဲ့သူက တတ်သလိုလုပ်မှာပေါ့။ မတတ်တဲ့သူကလည်း သိသလောက်လေးတွေနဲ့လုပ်မှာပေါ့။ အပြစ်သွားတင်နေလို့ဘယ်ရမလဲဗျာ။ တော်ပါပြီဗျာ။


1 2

Leave a Reply

(required)

(required)