Blog

E-learning

ဒီနေ့ အလုံးကြီးတစ်လုံးတော့ ကျသွားပြန်ပြီ။ လျှောက်တွေးမနေကြနဲ့နော်။ ကျောင်းကပေးထားတဲ့
တာဝန်တချို့ပြီးသွားတာကိုပြောတာ။ ကြံကြံဖန်ဖန်လဲလုပ်ခိုင်းတဲ့ကျောင်း။ အလကားနေရင်း ကျောင်းသားတွေကို ကျောင်းပိတ်ပေးပြီးတော့ အိမ်မှာစာလုပ်ခိုင်းတယ်။ ဘာကြီးမှန်းကိုမသိ။ ဒီနေ့ကနောက်ဆုံးနေ့ဆိုပဲ။ မနှစ်ကလည်း ဒါမျိုးတွေလုပ်ခိုင်းသေးတယ်။ အဲဒီတုန်းကတော့ ဘာမှကိုမလုပ်ဘူး။ အေးဆေးပဲ။ ဘာမှမတင်လိုက်ဘူး။ ဂရိတ်တွေတော့ မကောင်းဘူးဗျာ။ ဒါကြောင့် အခုလုပ်ပြီ။ သူတို့ခိုင်းတော့လည်းလုပ်ရတာပေါ့။ ပြီးတော့ပြီးသွားပြီ။ တတ်သလောက်မှတ်သလောက်နဲ့ လျှောက်ရေးပြီးတင်ပေးလိုက်တယ်။ နောက်အလုံးတစ်လုံးကကျန်နေသေးတယ်။ လာပြန်ပြီ။ စာမေးပွဲကိုပြောတာပါ။ အဲဒါတွေနဲ့ပဲ ဘလော့ကိုလည်း မရေးဖြစ်တာကြာနေပြီ။ အခုလည်းစိတ်ပြေလက်ပျောက် လျှောက်ရေးနေတာ။ ပြီးရင်တော့ စာပြန်လုပ်လိုက်ဦးမယ်ဗျာ။

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

10.11.2006 | 1 Comment
Uncategorized
One Comments to “E-learning”

  1. good luck with ur exam bro. my “a lone gyi” is still here(i mean project). congratulation for the fall of one of ur “a lone gyi”.


Leave a Reply

(required)

(required)