လူနှင့်အကျင့်
လူတွေမှာအကျင့်အမျိုးမျိုးရှိပါတယ်။ အောင်မြင်သူတွေမှာ ရှိတဲ့အကျင့်နဲ့ ကျရှုံးသူတွေမှာရှိတဲ့အကျင့် မတူဘူးဆိုတာတော့ သိသာပါတယ်။ ကျရှုံးသူတွေမှာရှိတဲ့အကျင့်တွေကတော့
၁. တရားခံရှာ – တစ်ခုခုဖြစ်ပြီဆိုရင် ဘာမှမစဉ်းစားပဲ တရားခံတစ်ယောက်ကိုရှာလိုက်တဲ့အကျင့်။
၂. ခြေဦးတည့်ရာ – ရည်ရွယ်ချက်ပန်းတိုင်မရှိပဲ ဟိုလိုလို ဒီလိုလို လုပ်နေတတ်တဲ့အကျင့်။
၃. ကြုံသလိုကျပန်း – အရေးကြီးတဲ့ကိစ္စ အရေးမကြီးတဲ့ကိစ္စ ခွဲမထားပဲ စိတ်ထဲပေါ်တာလုပ်တဲ့အကျင့်။
၎. သူသေကိုယ်ရှင် – ဘယ်သူ့မှ လာအကျောမခံပဲ နိုင်ရင်နိုင် မနိုင်ရင်ခြေကန့်လန့်ထိုးလိုက်မယ် ဆိုတဲ့အကျင့်။
၅. မင်းမပြောနဲ့၊ ငါပြောမယ် – သူများစကားနားထောင်ရမှာထက် ကိုယ်ပြောချင်တာတွေကိုပဲ တရစပ်ပြောတဲ့အကျင့်။
၆. တစ်ကိုယ်တော်ရိန်းဂျား – ဘယ်သူနဲ့မှ ပူးပေါင်းဆောင်ရွက်မှုမရှိပဲ ကိုယ်ထင်ရာကိုယ်စိုင်းပြီး တစ်ကိုယ်တော်လုပ်တဲ့အကျင့်။
၇. ပုရောဟိတ်စတိုင် – ဘယ်သူ့စကား၊ ဘယ်သူ့အယူအဆမှလက်မခံ ကိုယ်သာလျှင်အမှန်ဆုံးဆိုတဲ့အကျင့်။
ဒီအချက်တွေထဲကတစ်ခု ဒါမှမဟုတ် အားလုံးရှိနေပြီဆိုရင်တော့ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ လမ်းစပျောက်နေပါလိမ့်မယ်။ ဒါတွေကိုဘယ်လိုပြုပြင်ရမလဲဆိုရင်တော့
၁. တာဝန်ယူစိတ် – တစ်ခုခုဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ဘာမှားနေလဲဆိုတာစဉ်းစားရပါမယ်။ ကိုယ့်ကိုယ်ကို တာဝန်ယူတတ်တဲ့အကျင့်။
၂. ပစ်ကွင်းကိုချိန် – ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်တာလဲ၊ ရည်မှန်းချက်ကဘာလဲ ဆိုတာကို ပိုင်းဖြတ်တတ်တဲ့အကျင့်။
၃. အရေးကြီးတာအရင်လုပ် – ကြုံသလိုကျပန်းမလုပ်ပဲ အစီအစဉ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်တဲ့အကျင့်။
၎. သူမနာ ကိုယ်မနာဆက်ဆံရေး – ကိုယ်နိုင်စေ သူရှုံးစေ သဘောမထားပဲ နှစ်ဖက်အကျိုးရှိစေမယ့်ကြားအဖြေကို နှလုံးသွင်းတဲ့အကျင့်။
၅. နားလည်မှုရှိ – သူများပြောတာကိုလည်းနားထောင်၊ နားလည်အောင်ကြိုးစားပြီး ကိုယ့်ကိုလည်း သူများနားလည်အောင်ကြိုးစားတဲ့အကျင့်။
၆. လက်တွဲကြိုးပမ်း – တစ်ကိုယ်တော်မလုပ်ပဲ အများနဲ့လက်တွဲကြိုးပမ်းတဲ့အကျင့်။
၇. ကိုယ့်ကိုယ်ကိုပြန်သ – စိတ်တံခါးပိတ်မထားပဲ အတွေးသစ် အမြင်သစ်တွေကို လက်ခံနိုင်တဲ့အကျင့်။
အဲဒီအကျင့်တွေရှိနေဖို့ကြိုးစားနိုင်မယ်ဆိုရင်တော့ ဘ၀မှာ အောင်မြင်သူတွေဖြစ်လာပါလိမ့်မယ်။
ကျော်ဝင်းရေးတဲ့ နှစ်ဆယ့်တစ်ရာစုသားရွှေဥ ဆိုတဲ့ဘာသာပြန်စာအုပ်ထဲကတစ်ချို့ဖြစ်ပါတယ်။ မူရင်းစာအုပ်ကတော့ The 7 Habits Of Highly Effective Teens ဖြစ်ပြီး Sean Covey ရေးတာဖြစ်ပါတယ်။ တော်တော်တော့ ကြာပြီဖြစ်ပေမယ့် အသုံးဝင်နိုင်လိမ့်မယ်ထင်လို့ ရေးလိုက်တာပါ။
အရမ်း အရမ်းကို ကောင်းလွန်းလို့
အရမ်း အရမ်းကို ကြိုက်မိပါတယ် ရှင်
ကျေးဇူးအထူး တင်ရှိပါကြောင်း