Blog

ပြောင်းလဲလာတဲ့ခေတ်

တောင်တွေးမြောက်တွေး တွေးနေရင်းနဲ့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းသားဘ၀ကို ပြန်တွေးမိတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီအချိန်က ကျောင်းသားဘ၀နဲ့ အခုလက်ရှိကျောင်သားလေးတွေဘ၀ကို ယှဉ်ကြည့်မိတယ်။ တော်တော်ကြီးကို ကွာခြားသွားတာကိုတွေ့ရတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းကပြန်လာရင် လွယ်အိတ်ကိုချပြီး သူငယ်ချင်းတွေနဲ့ ကစားဖို့အမြန်ပြန်ပြေးကြတာ။ နွေရာသီကျောင်းပိတ်ရက်ရောက်ပြီဆိုရင် အပျော်ဆုံးပေါ့။ ညတိုင်း အိမ်ရှေ့လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ ကစားနည်းပေါင်းစုံကစားတာပဲ။ ဒါပေမယ့် ဒီနေ့ကလေးတွေဘ၀က အဲဒီလိုမဟုတ်တော့ဘူး။ ကျောင်းပြီးတာနဲ့ လွယ်အိတ်ကိုမချနိုင်သေးဘူး။ လွယ်အိတ်ထဲကစာအုပ်တွေကို လဲပြီးကျူရှင်ကိုပြေးရတယ်။ တစ်ချို့လည်း အိမ်တောင်မပြန်နိုင်ဘူး။ ကျောင်းကနေ ကျူရှင်တွေကိုတန်းပြေးရတာ။ ကစားဖို့အချိန်ဆိုတာ အင်မတန်ကိုရှားသွားပြီ။ ခုခေတ်ကျောင်းသားလေးတွေကို ဘာကစားလဲလို့မေးရင် တစ်ခုတော့ဖြေကြပါလိမ့်မယ်။ ဗွီဒီယိုဂိမ်းကစားတယ်လို့။ ကျန်တာဘာမှမကစားနိုင်ကြတော့ဘူး။ ခေတ်ဆိုတာကတော့ ပြောင်းလဲနေတာပါပဲ။ ဒါပေမယ့် အကောင်းဘက်ကိုသွားနေတာလား၊ အဆိုးဘက်ကိုဦးတည်နေတာလားဆိုတာကတော့……..

continue reading
5.12.2006 | 0 Comment
Uncategorized