Blog

ကွန်ပျူတာနှင့်ကျွန်တော်

ကွန်ပျူတာဆိုတာလည်း ခက်တာပဲ။ ရှိစုမဲ့စုလေးနဲ့ ကျေးဇူးရှင်အဒေါ်က ၀ယ်ပေးထားတာ တစ်နှစ်ကျော်ပြီ။ လက်ပ်တော့ကွန်ပျူတာလေ။ တစ်နှစ်ကျော်ပြီဆိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အားလုံး သိလောက်ပါပြီ။ အခုထွက်လာတဲ့ ဟာတွေနဲ့ယှဉ်လိုက်ရင် ဘာမှမဆိုင်တော့ဘူးဗျာ။ လမ်းကြုံတိုင်း ကွန်ပျူတာဆိုင်တွေမြင်ရင် ၀င်ကြည့်တတ်တာကလည်း အကျင့်ပဲ။ အဲဒီတော့ ၀င်ကြည့်မိရင်း စိတ်ဆင်းရဲရင်းပဲဗျာ။ Core 2 Duo တဲ့။ စွမ်းဆောင်ရည်နှစ်ဆမြင့်တယ်ဆိုပဲ။ ကြာတော့ကြာပါပြီ။ ပေါ်တာက။ ကျွန်တော့်ဟာလေးနဲ့ယှဉ်လိုက်ရင်တော့ ကွာတယ်ဗျာ။ RAM ဆိုလည်း 1 GB လောက်မှဂွတ်တယ်လေ။ Hard Disk ဆိုလည်း 80 GB တို့ 120 GB တို့ အနည်းဆုံး။ ဂရပ်ဖစ်ဆိုလည်း ဂွတ်တာပဲ။ ဈေးကလည်း ကျွန်တော့ဟာဝယ်တုန်းကနဲ့ အတူတူလောက်ပဲ။ ကျောင်းပြီးရင်တော့ Desktop ကွန်ပျူတာတစ်လုံးပဲလိုချင်တယ်။ upgrade လုပ်ရတာလွယ်တယ်လေ။ နည်းနည်းချင်းစီ လဲထည့်လို့ရတယ်။ Laptop ကတော့ ၀ယ်ပြီးရင် မလွယ်ဘူးလေ။ သူ့ဟာနဲ့သူတော့ အသုံးဝင်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းဂိမ်းတွေဆိုရင် သိပ်အဆင်မပြေချင်တော့ဘူး။ ပိုက်ဆံမရှိတော့လည်း ဒါလေးနဲ့ပဲ ဆက်သုံးနေရဦးမှာပဲလေ။ တတ်နိုင်ဘူးဗျာ။

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

18.12.2006 | 2 Comments
Uncategorized
2 Comments to “ကွန်ပျူတာနှင့်ကျွန်တော်”

  1. ဘ၀တူတွေပါပဲ

  2. အေးဗျာ။ ကွန်ပျူတာဝယ်ရတာ မိန်းမယူရသလိုပဲဗျ။ နော်။ :D


Leave a Reply

(required)

(required)