Blog

သွေးဖြင့်တူးသောစိန်ပွင့်များ

တောင်အာဖရိကဆိုတာ စိန်တွေအများကြီးထွက်တယ်တဲ့။ လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်က အဲဒီနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်နေခဲ့တယ်။ စိန်တွင်းတွေကလည်း အဲဒီပြသနာရဲ့ အကြောင်းအရင်းတွေထဲမှာတစ်ခုဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်ဖြစ်တော့ ထုံးစံအတိုင်း ခံရတာက ပြည်သူတွေပဲပေါ့။ သူပုန်တွေက ပြည်သူတွေကို ဖမ်းတယ်။ သတ်တယ်။ ကလေးတွေကို စစ်တိုက်ခိုင်းတယ်။ မသမာတဲ့ လောဘသမားတွေက သူပုန်တွေထံက စိန်တွေနဲ့ လက်နက်နဲ့အလဲအလှယ်လုပ်ကြတယ်။ သူပုန်တွေက စိန်တွေထုတ်တယ်။ လက်နက်ဝယ်တယ်။ အစိုးရကိုတင်မကဘူး။ အပြစ်မဲ့တဲ့ပြည်သူတွေပါသတ်ခံရတယ်။ နောက်ဆုံး အမြတ်ထွက်တာက စိန်ရောင်းတဲ့ ပုဂ္ဂိုလ်တွေပေါ့။ ဒါတွေက မကြာမီက ရုံတင်နေတဲ့ Blood Diamond ဆိုတဲ့ကားရဲ့ဇာတ်လမ်းအကျဉ်းပါ။ တော်တော်လေးကို ကောင်းတဲ့ဇာတ်ကားတစ်ကားပါ။ မကြည့်ရသေးသူများ သွားကြည့်သင့်တဲ့ကားပါ။ ဒီကားမှာ ကလေးစစ်သားဆိုတာဘာလဲဆိုတာ ပြထားပါတယ်။ ဘာကြောင့်ကလေးစစ်သားကိစ္စကို တစ်ကမ္ဘာလုံးက အရေးတယူလုပ်နေတာလဲဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ စစ်တမ်းတွေအရတော့…

continue reading
16.01.2007 | 2 Comments
Uncategorized