Blog

လေဆိပ်

ဟောဒီမြေကြီးနဲ့
ငါ့ခြေထောက်တွေပြန်ထိတွေ့နိုင်ဖို့
နေ့နဲ့ညများစွာကို ငါစားသုံးရဦးမယ်။
အဲဒီအသက်မဲ့တဲ့ အတောင်ပံတစ်စုံဆီက
မာန်ဖီသံလား ငြီးတွားသံလား
ငါ မကွဲပြားတော့ဘူး။
လက်ဝှေ့ရမ်းပြတာ
ခွဲခွာခြင်းရဲ့ အမှတ်အသားပါ။
ပြန်လမ်းမဲ့လမ်းကိုသွားတာမဟုတ်တော့
ငါလက်မပြခဲ့ပါဘူး။
နောက်ဆုံးတော့လဲ
ဘ၀ဆိုတာ ဒါပါပဲ။

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

23.02.2007 | 2 Comments
poem
2 Comments to “လေဆိပ်”

  1. Good တယ်ဗျာ။ တကယ်ပြောတာ။ ခံစားချက်တွေကို ကဗျာတွေအဖြစ်ပေါက်ကွဲရတာ feel တစ်မျိုးပဲ။ ဆက်ရေးပါဗျာ။

  2. ဟုတ်ကဲ့ကိုရန်အောင်။ ကျေးဇူးပါခင်ဗျာ။


Leave a Reply

(required)

(required)