Blog

မွေးရပ်ကိုစွန့်ခဲ့ရသူများ

တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဦးနှောက်ယိုစီးမှုအများဆုံးနိုင်ငံတစ်ခုအဖြစ်ဘေဂျင်းမှာရှိတဲ့ the Academy of Social Sciences ကသူ့ရဲ့ Report မှာဖော်ပြထားပါတယ်။ ၁၉၈၀ ခုနှစ်ကစပြီးယနေ့ထိ နိုင်ငံရပ်ခြားမှာ ပညာသွားသင်ကြတဲ့ တရုတ်လူမျိုးများရဲ့ ၃ပုံ၂ပုံလောက်ဟာ သူတို့နိုင်ငံကို ပြန်မလာဖို့ဆုံးဖြတ်ထားကြတယ်လို့ဆိုပါတယ်။ အဲဒီအကြောင်းကို နိုင်ငံရပ်ခြားမှာရောက်နေတဲ့ တရုတ်လူမျိုးတစ်ချို့နဲ့ ဘီဘီစီက မေးမြန်းခဲ့ပါတယ်။ သူတို့ဘာကြောင့်အဲဒီလိုဖြစ်ရတာလဲဆိုတဲ့ အဓိကအချက်တွေကတော့ လူနေမှုဘ၀အဆင့်အတန်း၊ လွတ်လပ်စွာနေထိုင်နိုင်မှု၊ စီးပွားရေးအခြေအနေ၊ အနာဂတ်အတွက်အာမခံချက်ပေးနိုင်မှု၊ နိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်ကြပါတယ်။ ပရော်ဖက်ဆာတစ်ယောက်ရဲ့ဝင်ငွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၂၅၀ လောက်နဲ့ညီမျှတဲ့ ယွမ် ၂၀၀၀ လောက်ပဲရကြတဲ့နေရာကို ဘယ်သူပြန်နိုင်မှာလဲ။ ဒါပေမယ့် သူတို့တတ်နိုင်သလောက် ပြန်ကူညီကြဖို့ကြိုးစားခဲ့ကြတဲ့သူတွေရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အဆင်မပြေခဲ့ကြဘူး။ သူတို့နိုင်ငံမှာ ချမ်းသာသူနဲ့ဆင်းရဲသူကြားကွာဟချက်တွေကလည်း ကြီးမားတယ်။ ခုချိန်ထိ အင်တာနက်ကို ကန့်သတ်ချက်များစွာနဲ့…

continue reading
26.02.2007 | 0 Comment
Myanmar, news, thoughts