Blog

Peek-a-boo Post

ပို့စ်တွေကို Peek-a-boo ထည့်ထားရင် အဲဒီပို့စ်ကို အကျဉ်းပဲ ဖော်ပြလို့ရသလို အကုန်ဖတ်ချင်ရင်လဲ ရပါတယ်။ ဘလော့တော်တော်များများမှာလည်း အဲဒါလေးတွေ လုပ်ထားကြပါတယ်။ ကျွန်တော့် ပို့စ်တွေမှာလည်း လုပ်ထားပါတယ်။ တကယ်တော့ လွယ်ပါတယ်။ ဒီလိုပါ။ပထမဦးဆုံးကတော့ ထုံးစံအတိုင်း တန်းပလိတ်ကို ဘက်ကပ်လုပ်ထားပါ။ ဒါမှ ကိုယ်လုပ်တာ တစ်ခုခုမှားသွားရင် အလွယ်တကူ မူလအတိုင်း ပြန်ရပါလိမ့်မယ်။ ဒုတိယအဆင့်အနေနဲ့က ဟောဒီကုဒ်တွေကို head အဖွင့်နဲ့ အပိတ်ကြား ထည့်လိုက်ပါ။ ရှာရလွယ်ကူအောင်ဆိုရင်တော့ tag ရဲ့အပေါ်နားလေးမှာပဲ ကူးထည့်လိုက်ပေါ့။ <script type=’text/javascript’ src=’http://www.anniyalogam.com/widgets/hackosphere.js’ /> နောက်တစ်ဆင့်ကတော့ ဒီကုဒ်တွေကို တန်းပလိတ်ထဲမှာ ရှာပါ။ (expand-widget ကိုရွေးထားရပါမယ်) <b:includable id=’post’ var=’post’><div class=’post’><a…

continue reading
31.03.2007 | 1 Comment
hacks, peek-a-boo post

ခေါက်သိမ်းထားတဲ့ ၂၀၀၂

အပေါ်မှာ တိမ်တိုက်တွေက မည်းမှောင်လို့မျှော်နေမိပေမယ့်လည်း မိုးစက်တွေကတော့ခုချိန်ထိ အိပ်မောကျလို့ကောင်းတုန်းပေါ့။အဲဒီရာသီဥတုက ဟိုမရောက်ဒီမရောက်နဲ့ငါ့မှာသာ အနေရအထိုင်ရခက်ပေါင်းများလှပြီ။တကယ့်အဖြစ်မှန်ကရိုးသားစွာနဲ့ လွဲမှားသွားတာပါလို့ဘယ်သူက ရှေ့ နေလိုက်ချင်သေးလို့လဲ။အဲဒီနေ့မှတ်မိသေးရဲ့ လားရေစက်တွေ နွေပေါ်ကြဲခဲ့တဲ့နေ့လေ။ မနက်အိပ်ရာနိုးတိုင်းအတိတ်တွေကိုပြန်ကောက်သိမ်းထားရတာမောတယ်။ငါ့မှာတစ်ရက်စာနာရီလက်တံတွေကိုတောင်မှစားသောက်ဖို့ အားအင်မရှိတဲ့ ရက်တွေများနေခဲ့ပြီ။ရပါတယ်ဖိနပ်တစ်ဖက်တည်းနဲ့ လျှောက်ရဦးမယ့် ငါ့ခရီးပန်းခင်းလမ်းတော့မဟုတ်နိုင်ဘူး။ ရည်ရွယ်ခဲ့တာကလတစ်စင်းရဲ့ အရိပ်အောက်မှာငါ့ကိုယ်ငါ ထာဝရမြှုပ်နှံသွားဖို့ပါ။ဒါပေမဲ့အဲဒီ တိမ်မည်းတွေကို ရေဆေးချိန်မရလိုက်ဘူး။တစ်ယောက်ထဲ ပြိုင်ခဲ့တယ်တဲ့လားသေချာတာကပထမဆုတော့ မရခဲ့ဘူးလေ။ဒီလိုနဲ့ပဲအိပ်မက်ထဲက ပြဇာတ်တစ်ပုဒ်ကတော့ဆေးရောင်တွေ လွင့်လို့နာရီလက်တံတွေဆိုလည်း ခရီးအတော်ပေါက်နေကြပြီ။ဘာပဲဖြစ်ဖြစ်ရင်ဘတ်တစ်ခြမ်းကတော့ပြတိုက်ထဲမှာ ငြိမ်သက်နေဆဲပါပဲ။ ။Technorati:poem

continue reading
27.03.2007 | 4 Comments
poem

ဘာလုပ်ပေးရဦးမှာလဲ

အလုပ်မှာ ခိုင်းထားတာလေးတွေ ကုန်ပြီဆိုတော့ အေးဆေးနားရပြီလို့ စိတ်ကူးထားတယ်။ ကျွန်တော့် Supervisor ကသူ့မှာ ခိုင်းစရာသိပ်မရှိတော့ဘူး။ လုပ်နေတဲ့ ပရောဂျက်က ပြီးတော့မယ်လေ။ ကျွန်တော်ကလည်း နောက် ၃ ပတ်နေရင် Attachment ပြီးပြီဆိုတော့ အားလုံး အေးဆေးပေါ့။ မဟုတ်သေးဘူးဗျ။ နောက်ထပ် လုပ်စရာတွေ ပေါ်လာတယ်ဗျာ။ တကယ်တမ်းဆိုရင် ကျွန်တော်လုပ်စရာမလိုတဲ့ ဟာတွေပါ။ Supervisor ခိုင်းတဲ့အလုပ်ပဲ ကျွန်တော်ကလုပ်ရမှာ။ တခြားဘာမှ လုပ်စရာမလိုဘူးဗျ။ ခုတော့တခြားလူတွေခိုင်းတဲ့အလုပ်တွေ လုပ်ပေးနေရတယ်။ တတ်နိုင်ဘူးလေ။ သူတို့ Exhibition တစ်ခုနောက်တစ်ပတ်ထဲမှာ လုပ်မယ်ဆိုပဲ။ အဲဒီမှာပြဖို့ Flash နဲ့ animation လေးတစ်ခုလုပ်ပေး ဆိုလို့ တောင်လုပ်မြောက်လုပ်နဲ့ တတ်သလောက်ကလေး ကလိနေတယ်။ နောက်တစ်ပတ် တင်္နလာနေ့…

continue reading
23.03.2007 | 4 Comments
ITP, thoughts

Myanmar Vs Singapore

ဒါကတော့ စင်ကာပူရဲ့ အလှဆုံး နေရာတွေထဲက တစ်ခုပါ။ ဒီမှာက သဘာဝအလှအပ ဘာမှကို မရှိပါဘူး။ ဘယ်ကိုပဲ သွားသွား၊ ဘာကိုပဲ ကြည့်ကြည့် လူဖန်တီးထားတဲ့ အရာတွေပဲ ရှိပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဒါမျိုး တိုက်တွေပဲမြင်နေရပါလိမ့်မယ်။ ဒူးရင်းသီးလို့ မြန်မာတွေ ခေါ်ကြတဲ့ ထင်ရှားတဲ့ အဆာက်အဦးတစ်ခုပေါ့။ ဒါတွေကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ မြန်မာပြည်က သဘာဝရှုခင်းတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့ အဆောက်အဦတွေကို ပြန်ပြီး ကြည့်ချင်နေမိတယ်။ ဒီကဟာတွေက မျက်စိထဲမှာ မြန်မာပြည်က ရှုခင်းတွေလောက် မလှဘူး။ မြန်မာပြည်မှာ ကျောင်းတက်နေတုန်းက သူငယ်ချင်းတွေနဲ့ ပုဂံကို သွားလည်တာသတိရတယ်။ အဲဒီမှာ မြင်ရတဲ့ ရှုခင်းတွေ၊ စေတီပုထိုးတွေဟာ အရမ်းကို လှပလွန်းတယ်။…

continue reading
22.03.2007 | 0 Comment
Myanmar, thoughts

Under Construction

ကျွန်တော့်ဘလော့သည် under construction ဖြစ်နေပါသေးသည်။ သည်းခံတော်မူကြပါဦးခင်ဗျာ။ New Blogger Template ပြောင်းလိုက်တဲ့ အတွက် ပြုပြင်ဆဲဖြစ်ပါတယ်။ မကြာမီကောင်းသွားပါလိမ့်မယ်။ Technorati:under construction new blogger template

continue reading
20.03.2007 | 0 Comment
new blogger template, under construction
Page 1 of 41234»