Blog

စကားနှစ်မျိုး

လူတွေပြောနေတဲ့ စကားတွေကို အခြေခံအားဖြင့်နှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ Reactive Laguage လို့ခေါ်ပါတယ်။ ကိုယ့်ဘ၀အတွက် အကောင်းအဆိုးဖန်တီးနိုင်မယ့်အရာတွေကို ကိုယ်တိုင်မထိန်းချုပ်နိုင်ပဲ တခြားသူတွေလက်ထဲ ဒါမှမဟုတ် ဘာမှန်းမသိတဲ့လောကကြီးဆိုသူရဲ့လက်ထဲကို ထည့်ပေးထားတဲ့လူမျိုးတွေက ဒီ Reactive Language တွေကိုသုံးလေ့ရှိပါတယ်။ ဥပမာ – “လောကကြီးကမတရားဘူး” ဆိုတာမျိုးတွေပေါ့။ ကိုယ့်အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေအားလုံးဟာ ကိုယ့်ကြောင့်မဟုတ်ဘူး။ လောကကြီးကြောင့်ဖြစ်တာဆိုတဲ့သဘောပေါ့။ Remote Control ကို ကိုယ်တိုင်မကိုင်ထားပဲတခြားလူကိုပေးထားပြီးတော့မှ ဒီအစီအစဉ်ကိုမကြည့်လိုက်ရတာ သူ့ကြောင့်ဆိုရင်တော့ ဘယ်သူ့အပြစ်လဲလို့ မေးစရာမလိုပါဘူး။ အဲဒီလူမျိုးတွေဟာ- ၀မ်းနည်းလွယ်၊ စိတ်ဆိုးလွယ်တယ်။- သူများကိုအပြစ်တင်တယ်။- တစ်ချိန်မှာနောင်တရမယ့်စကားတွေကို စိတ်လွတ်ကိုယ်လွတ်ပြောလေ့ရှိတယ်။- ဆင်ခြေတွေပေးတတ်တယ်။- ညည်းညူတတ်တယ်။- အခွင့်အလမ်းဆိုတာကို ထိုင်စောင့်နေတတ်တယ်။- မပြောင်းလို့မဖြစ်တော့တဲ့အချိန်မှ ပြောင်းလဲဖို့စဉ်းစားတယ်။ နောက်တစ်မျိုးကတော့ Proactive Language…

continue reading
3.03.2007 | 0 Comment
habits, life, people, thoughts