Blog

ဘာလုပ်ပေးရဦးမှာလဲ


အလုပ်မှာ ခိုင်းထားတာလေးတွေ ကုန်ပြီဆိုတော့ အေးဆေးနားရပြီလို့ စိတ်ကူးထားတယ်။ ကျွန်တော့် Supervisor ကသူ့မှာ ခိုင်းစရာသိပ်မရှိတော့ဘူး။ လုပ်နေတဲ့ ပရောဂျက်က ပြီးတော့မယ်လေ။ ကျွန်တော်ကလည်း နောက် ၃ ပတ်နေရင် Attachment ပြီးပြီဆိုတော့ အားလုံး အေးဆေးပေါ့။ မဟုတ်သေးဘူးဗျ။

နောက်ထပ် လုပ်စရာတွေ ပေါ်လာတယ်ဗျာ။ တကယ်တမ်းဆိုရင် ကျွန်တော်လုပ်စရာမလိုတဲ့ ဟာတွေပါ။ Supervisor ခိုင်းတဲ့အလုပ်ပဲ ကျွန်တော်ကလုပ်ရမှာ။ တခြားဘာမှ လုပ်စရာမလိုဘူးဗျ။ ခုတော့တခြားလူတွေခိုင်းတဲ့အလုပ်တွေ လုပ်ပေးနေရတယ်။ တတ်နိုင်ဘူးလေ။ သူတို့ Exhibition တစ်ခုနောက်တစ်ပတ်ထဲမှာ လုပ်မယ်ဆိုပဲ။ အဲဒီမှာပြဖို့ Flash နဲ့ animation လေးတစ်ခုလုပ်ပေး ဆိုလို့ တောင်လုပ်မြောက်လုပ်နဲ့ တတ်သလောက်ကလေး ကလိနေတယ်။ နောက်တစ်ပတ် တင်္နလာနေ့ ပြီးမလားတဲ့။ ကြိုးစားပြီးလုပ်ပေးမယ်လို့တော့ ပြောပေးလိုက်ပါတယ်။ ဘယ်လိုပြီးနိုင်မလဲ။ စနေ၊ တနင်္ဂနွေပါ လုပ်ပေးရင်တော့ ပြီးပါတယ်။ ဘာလို့ လုပ်ပေးရမှာလဲ။ ဒီရက်ပဲ နားရတာကို။ လုပ်နိုင်ဘူး။ တနင်္လာနေ့မှ ဆက်လုပ်ပေးတော့မယ်။ ဒီကြားထဲ နောက်တစ်ယောက်ကလာသေးတယ်။ အရေးကြီးလို့ပါပဲတဲ့။ သူတို့ ကြော်ငြာစာရွက်ထုတ်ဖို့ graphic တစ်ချို့ကို ပြင်ပေးခိုင်းပြန်တယ်။ ခက်တော့ မခက်ဘူး။ ဟိုဟာဖြတ် ဒီဟာထည့် ဟိုရွေ့ ဒီပြောင်းလုပ်လိုက်ရင် ပြီးသွားရော။ သူကအနားကနေ ဟိုနားကဟာ ဒီနားရွေ့ပေး၊ ဟိုပုံကို ကြီးပေး၊ ဒီပုံကို သေးပေး ထိုင်လုပ်နေလို့ စိတ်လေတယ်။ အဲဒါနဲ့ လုပ်လက်စဟာတွေ မလုပ်နိုင်ဘူး။ သောကြာနေ့ဆို ၅ နာရီရုံးဆင်းရမှာ။ ဒီနေ့ ၆ နာရီလောက်ထိ နေလိုက်ရတယ်။ ကြုံတုန်းကြွားရဦးမယ်။ ကျွန်တော်က ခုဆို ရုံးခန်းထဲမှာ နေရတဲ့ အဆင့်မြင့် ပြာတာဖြစ်နေတယ်။ တစ်ရုံးလုံးကလူတွေ ၀ိုင်းခိုင်းချင်နေတာ။ မနည်း ရူးချင်ယောင်ဆောင်နေရတယ်။ သူတို့ဘာသူတို့ တစ်သက်လုံးလုပ်လာတဲ့ scan လုပ်တာကို ခိုင်းချင်သေးတယ်။ ကျွန်တော်က လုပ်တတ်ဘူးလို့ ရှင်းရှင်းပဲပြောတာပေါ့။ ကိုယ့်အလုပ်မဟုတ်ရင် မလုပ်နဲ့လို့ Supervisor ကပထမဆုံးနေ့မှာတင် သင်ပေးထားလို့ဗျ။ သူ့ရုံးကလူတွေအကြောင်း သူသိနေလို့ထင်တယ်။ ဟိုလူက ဟိုဟာလုပ်တတ်လားမေးလိုက်၊ ဒီလူကဒီဟာလုပ်တတ်လားမေးလိုက်နဲ့။ သူတို့ အတွက် ကျွန်တော်ကပြာတာ လာလုပ်ပေးနေတယ် ထင်နေကြလားမသိ။ ရပါတယ်လေ။ ၃ ပတ်ပဲလိုပါတော့တယ်။ မကြာမီ ဒီနေရာကို တာ့တာပြရတော့မည်ပဲလေ။


Technorati:,

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

23.03.2007 | 4 Comments
ITP, thoughts
4 Comments to “ဘာလုပ်ပေးရဦးမှာလဲ”

  1. ဩော်. ကိုဝေယံက တော်တော်များများကို ကူညီနေတာပါလား. ဟိုဟာလေ. Gmail မှာ ဘယ်လို invite လုပ်ရလဲဟင်. ပြီးတော့ computer ကို filter တပ်ချင်လို့ ကူညီပါဦး. Printer မှာ စာအိတ်ကို ထည့်ပြီး print လုပ်ခဲ့ပေးပါလား… ဟိုဟာ..ဒီဟာ..ဟိုဒင်း…အင်း..ကျန်သေးတယ်. mmblogbook မှာ eot လေးလုပ်ပေးပါဦး..

  2. များလိုက်တာ။ ဘယ်ကစရမှာလဲ။ အဲဒီလောက် ကျွန်တော်မတတ်ပါဘူးဗျ။ ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်ပေးရရုံပါပဲ။

  3. Haha.. ကိုဝေယံဖြစ်နေတာက တို့သူငယ်ချင်း တစ်ယောက်နဲ့ တူနေပြီ။ သူကတော့ သူ့ဘ၀ကို multitasking puppet လို့ နာမည်တပ်ထားတယ်။

  4. ဟုတ်ပဗျာ။ ဒီ ၂ လလေးကို လုပ်နေရတာက တောက်တိုမယ်ရ။ ရတဲ့လခက နှစ်ပြားတစ်ပဲ။ မလွယ်ပါဘူး။


Leave a Reply

(required)

(required)