Man Utd Vs Everton
Manchester United အသင်းက Everton အသင်းကို ရှုံးနေရာကနေ အသည်းအသန်လိုက်ကစားပြီး ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိသွားတဲ့အတွက် ဒုတိယနေရာကလိုက်နေတဲ့ Chelsea အသင်းကို ၅မှတ်ဖြတ်ထားနိုင်လိုက်ပါတယ်။ ပထမပိုင်း ၁၂မိနစ်မှာရတဲ့ဖရီးကစ်ကနေတဆင့် Michael Carrick နဲ့ထိကာလမ်းကြောင်းပြောင်းပြီးဂိုးပေးလိုက်ရပါတယ်။ ပထမပိုင်းပြီးတော့ ၁-၀ နဲ့ မန်ယူရှုံးနေပါတယ်။ ဒုတိယပိုင်းစပြီး ၅မိနစ်လောက်အကြာမှာပဲ တစ်ဂိုးထပ်ပေးလိုက်ရတဲ့အတွက် ၂ ဂိုး ၀ နဲ့ရှုံးနိမ့်တော့မယ့်အခြေအနေရောက်သွားပါတယ်။ ဒါပေမယ့် နောက်ထပ် ၁၁မိနစ်အကြာမှာတော့ အဲဗာတန်ဂိုးသမားရဲ့ အမှားကနေတဆင့် O’Shea ကမန်ယူအတွက် ပထမခြေပဂိုးကိုသွင်းပေးလိုက်ပါတယ်။ အဲဒီနောက် မန်ယူကတရစပ်ဖိကစားလာတဲ့အတွက် ၆၈မိနစ်မှာ မန်ယူကစားသမားဟောင်း Phil Neville ကိုယ့်ဂိုးကို သွင်းမိတာကြောင့် ခြေပဂိုးရသွားပြီး မန်ယူတို့အားတက်သွားပါတယ်။ အဲဒီအချိန်မှာ…
continue reading