မပွင့်လန်းနိုင်တဲ့ ပန်းချီကား
၁။စာရွက်တွေထဲမှာပဲ အလှပြနေရုံနဲ့တော့ဒီလောကကြီးက ထိန်ညီးမသွားနိုင်ပါဘူး။တတိယကမ္ဘာကလူသားတွေငါတို့လည်းလူတွေပဲဆိုတာ ပြောပေးကြပါ။အက်ကြောင်းတွေပေါ်ကခန့်ခန့်ငြားငြား တာဝါကြီးတွေလဲဘယ်အချိန် ပြတိုက်ထဲရောက်မလဲစောင့်နေကြတယ်။ဘယ်မျိုးဆက်ဘယ်ရာစုဘယ်ဘ၀တွေထိဖရောင်းတိုင်တွေကို အသက်သွင်းနေကြရဦးမှာလဲ။ ၂။အိမ်နောက်ဖေး ဈေးဆိုင်တည်တဲ့ရီရမှာလားငိုရမှာလား။၂၁ရာစုဆိုတာကိုမေ့ချင်ယောင်ဆောင်နေကြတော့ခက်တယ်။အိတ်ပေါက်နဲ့ ဖားကောက်နေကြရတဲ့ဘ၀တွေထမင်းကိုအရည်ညှစ်သောက်နေရတဲ့ဘ၀တွေနေညိုချိန် အစာတောင်းနေတဲ့ ပါးစပ်တွေအတွက်ဘယ်လိုအားအင်နဲ့ပြက္ခဒိန်တွေကိုဖြဲစုတ်နိုင်ဦးမှာလဲ။ ၃။အမှိုက်ပုံကြား ကြီးပြင်းလာတဲ့ဘ၀တွေကကကြီးခကွေးဆိုတာ ဂျိုနဲ့လားလို့မေးလာကြရင် ဘယ်လိုဖြေကြမလဲ။ကျောက်တံကိုင်ရမယ့် လက်ကလေးတွေပလတ်စတစ်အိတ်ကောက်နေကြတယ်။စာအုပ်ကိုင်ရမယ့် လက်ကလေးတွေလက်ဖက်ရည်ခွက် သယ်နေကြတယ်။ဘယ်မျိုးဆက်အထိနာရီလက်တံတွေပေါ်မှာသူတို့ဘ၀တွေ တိုက်စားခံနေကြရဦးမှာလဲ။ ၄။ဒီလိုနေ့ ဒီလိုညဒီလိုမလှပတဲ့ ရှုခင်းတွေနဲ့အနာဂတ်ဆိုတာ အိပ်မက်ထဲမှာတောင်မလှပနိုင်ကြတော့ဘူးလေ။ ။ Technorati:poem
continue reading