Blog

မပွင့်လန်းနိုင်တဲ့ ပန်းချီကား

၁။
စာရွက်တွေထဲမှာပဲ အလှပြနေရုံနဲ့တော့
ဒီလောကကြီးက ထိန်ညီးမသွားနိုင်ပါဘူး။
တတိယကမ္ဘာကလူသားတွေ
ငါတို့လည်းလူတွေပဲဆိုတာ ပြောပေးကြပါ။
အက်ကြောင်းတွေပေါ်က
ခန့်ခန့်ငြားငြား တာဝါကြီးတွေလဲ
ဘယ်အချိန် ပြတိုက်ထဲရောက်မလဲစောင့်နေကြတယ်။
ဘယ်မျိုးဆက်
ဘယ်ရာစု
ဘယ်ဘ၀တွေထိ
ဖရောင်းတိုင်တွေကို အသက်သွင်းနေကြရဦးမှာလဲ။

၂။
အိမ်နောက်ဖေး ဈေးဆိုင်တည်တဲ့
ရီရမှာလားငိုရမှာလား။
၂၁ရာစုဆိုတာကို
မေ့ချင်ယောင်ဆောင်နေကြတော့ခက်တယ်။
အိတ်ပေါက်နဲ့ ဖားကောက်နေကြရတဲ့ဘ၀တွေ
ထမင်းကိုအရည်ညှစ်သောက်နေရတဲ့ဘ၀တွေ
နေညိုချိန် အစာတောင်းနေတဲ့ ပါးစပ်တွေအတွက်
ဘယ်လိုအားအင်နဲ့
ပြက္ခဒိန်တွေကိုဖြဲစုတ်နိုင်ဦးမှာလဲ။

၃။
အမှိုက်ပုံကြား ကြီးပြင်းလာတဲ့ဘ၀တွေက
ကကြီးခကွေးဆိုတာ ဂျိုနဲ့လားလို့
မေးလာကြရင် ဘယ်လိုဖြေကြမလဲ။
ကျောက်တံကိုင်ရမယ့် လက်ကလေးတွေ
ပလတ်စတစ်အိတ်ကောက်နေကြတယ်။
စာအုပ်ကိုင်ရမယ့် လက်ကလေးတွေ
လက်ဖက်ရည်ခွက် သယ်နေကြတယ်။
ဘယ်မျိုးဆက်အထိ
နာရီလက်တံတွေပေါ်မှာ
သူတို့ဘ၀တွေ တိုက်စားခံနေကြရဦးမှာလဲ။

၎။
ဒီလိုနေ့ ဒီလိုည
ဒီလိုမလှပတဲ့ ရှုခင်းတွေနဲ့
အနာဂတ်ဆိုတာ အိပ်မက်ထဲမှာတောင်
မလှပနိုင်ကြတော့ဘူးလေ။ ။


Technorati:

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

26.04.2007 | 2 Comments
poem
2 Comments to “မပွင့်လန်းနိုင်တဲ့ ပန်းချီကား”

  1. ဘလော့တွေကိုလျောက်လည်ရင်း ကိုဝေယံကဗျာလေးကို ကြိုက်မိကြောင်း မိတ်ဆက်စကားဆိုလိုက်ပါတယ်။ အိုးဝေစင်ကာပူမှာ ဖတ်ဖူးလိုက်တယ်လို့လည်း ထင်ပါတယ်။ စောင့်ဖတ်နေပါတယ်ဗျာ။ အားလည်းကျပါရဲ့။
    ကဗျာကောင်း၊ စာကောင်းတွေ အများကြီးရေးနိုင်ပါစေ။

    နှင်းခါးမိုး

  2. ခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဝေ။ ဒီကဗျာကို ဘယ်မှာမှ ကျွန်တော်မတင်ဖူးပါဘူး။ အစ်ကို ဘယ်လိုတွေ့တာလဲမသိဘူး။ အစ်ကိုပေးတဲ့ဆုတောင်း ပြည့်နိုင်ပါစေဗျာ။


Leave a Reply

(required)

(required)