Blog

ကျွန်တော့်အကြောင်း ၁၀ချက်

ကြံကြံဖန်ဖန်လုပ်ကြတယ်ဗျာ။ Tag Game ဆိုပြီးဟိုလူတွေကို တက်ခိုင်းလိုက် ဒီလူတွေကိုတက်ခိုင်းလိုက်နဲ့။ ကျွန်တော်လည်း ဟိုလူတက်၊ ဒီလူတက် အကုန်တက်တာတွေ လိုက်ဖတ်ရင်းသဘောတော့ကျမိသား။ မာမီရန် … အဲ…. ကိုရန်အောင်ရဲ့ဘလော့ကိုလည်းရောက်ရော အတက်ခံလိုက်ရတယ်ဗျ။ ပြီးတော့ မရေးရင်ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ကျိန်စာလိုလို ဘာလိုလိုနဲ့ခြိမ်းလိုက်ခြောက်လိုက်သေးတယ်။ သူကတော့ မရေးမိလို့ နိဂရိုးမတွေ ၀ိုင်းလိုက်တာခံလိုက်ရတယ်လို့ပြောတာပဲဗျ။ အဲဒီတုန်းက လူကသိပ်နေမကောင်းတော့ မရေးနိုင်ဘူးဖြစ်နေတာ။ ခုမှနည်းနည်းလေး ကောင်းစပြုလာပြီ။ ထူးဆန်းလား မထူးဆန်းလားတော့မသိဘူး။ ရေးတော့ရေးလိုက်ပြီ။ လာလေရော့ ….

၁။ ကျွန်တော်သည် ယောက်ျားတစ်ယောက်ဖြစ်ပါသည်။ သို့သော် သွေးမြင်လျှင် ကြောက်တတ်ပါသည်။ တီဗီတွင် ခွဲစိတ်နေသောပုံများပြသည့် အစီအစဉ်လာလျှင် ထပြေးတတ်ပါသည်။ ငယ်ငယ်ကတည်းက ထိုကြောက်စိတ်မှာ ယခုချိန်ထိလည်း မပျောက်သေးပါ။ ၁၀ တန်းအောင်သောအခါ သွားဘက်ဆိုင်ရာတက္ကသိုလ်သို့ လျှောက်ခိုင်းပါသည်။ မဖြစ်နိုင်ပါ။ ထို့ကြောင့် မလျှောက်ပါ။ သွေးထွက်သံယိုမြင်ကွင်းများကို ကြည့်ရဲသည့်စိတ်ဓာတ် ပါမလာခဲ့ပါ။

၂။ ငယ်စဉ်က ထမင်းစားလျှင် အလွန်ချေးများပါသည်။ ၀က်သားဆိုလျှင် ကြော်ထားမှစားပါသည်။ ၀က်သားချက်ကို လုံးဝမစားပါ။ ကြက်သားဆိုလျှင်လည်း ထိုနည်းလည်းကောင်း။ ချက်ထားလျှင် လုံးဝကို တို့မကြည့်ပါ။ သို့ရာတွင် ထိုအကျင့်များ ယခုမရှိတော့ပါ။ ၁၀ တန်းအောင်၍ ကောလိပ်ကျောင်းစတက်ရာမှ ဟင်းမျိုးပေါင်းစုံ စားတတ်လာပါသည်။ မစား၍လည်းမရတော့ပါ။ ချေးများနေလျှင် ထမင်းငတ်သွားလိမ့်မည်။

၃။ သခွါးသီးကို လုံးဝအနံ့ခံလို့မရပါ။ ထိုအနံ့ရလျှင် တစ်မျိုးကြီးဖြစ်လာပါသည်။ ထို့ကြောင့် သခွါးသီးပါသော အရာများကို လုံးဝမစားတတ်ပါ။

၎။ ငယ်စဉ်တည်းက ယခုချိန်ထိ ဆန်ပြုတ်ကို လုံးဝကိုစားလို့မရပါ။ တော်တော်ဆိုးသည့်အချက်ဖြစ်သည်။ နေမကောင်းဖြစ်ပြီဆိုလျှင် အတော်ကိုဒုက္ခရောက်ရပါသည်။ ရေကြဲထဲတွင် ပျော့စိစိထမင်းစေ့များကိုကြည့်ရင်း တစ်ခုခုနှင့်တူနေသည်ဟု ခံစားမိကာ ဘယ်လိုမှစားလို့မရပါ။

၅။ စာရေးအင်မတန်ညံ့ပါသည်။ ၁၀ တန်းစာမေးပွဲဖြေသောအခါ စာစီစာကုံးသည် မဖြေမနေရဖြစ်နေ၏။ ထို့ကြောင့်ရေးပေးလိုက်သည်။ စာစီစာကုံးတို့၏ လိုအပ်ချက်အတိုင်း အားလုံးပေါင်း ၃ ပိုဒ်ပဲပါသည်။ တစ်မျက်နှာပဲရှိသည်။ ဘယ်လိုမှဆက်မရေးတတ်တော့ပါ။ တစ်မျက်နှာပြည့်အောင် စာတစ်ကြောင်းနှင့် တစ်ကြောင်းကြားတွင် လက်ညှိုးတစ်လုံးစာ ခြားပြီးရေးပေးလိုက်ရပါသည်။ ထို့ကြောင့် အမှတ်ထွက်လာသောအခါ ၆၀ ကျော်ပဲရခဲ့၏။

၆။ ငယ်စဉ်က အင်မတန်ကို ရှက်တတ်ပါသည်။ ကောင်မလေးများနှင့် စကားပြောရမည့်အချိန်တွင် ပိုဆိုးတတ်ပါသည်။ သူစိမ်းမိန်းကလေးတစ်ယောက်နှင့် စကားပြောရလျှင် မျက်နှာကို မကြည့်ရဲပါ။ ခုတော့ ပုံမှန်ဖြစ်သွားပါပြီ။

၇။ အလုံးနှင့်ပတ်သက်သော အားကစားနည်း တော်တော်များများကို ကစားပါသည်။ ကြွေဒိုးပစ်သည်။ ဘောလုံးကန်သည်။ ခြင်းလုံးခတ်သည်။ ဘိလိယက်ထိုးသည်။ Table Tennis ကစားသည်။ Golf နှင့် Tennis ကိုတော့ ပိုက်ဆံအလွန်ကုန်သော အားကစားများဖြစ်နေသောကြောင့် လှည့်မကြည့်ပါ။

၈။ အားကစားနည်းအားလုံးတွင် ဘောလုံးကို အလွန်ရူးသွပ်သည်။ ဘောလုံးကန်ခြင်းနှင့် ဘောလုံးပွဲကြည့်ခြင်းများမှာ ကျွန်တော်အများဆုံးလုပ်လေ့ရှိသော အရာများဖြစ်သည်။ ငယ်ငယ်က လမ်းဘေးတွင် ကန်သည်။ နည်းနည်းကြီးလာတော့ ဘောလုံးကွင်းထဲတွင်ကန်သည်။ အပြင်မှာမကန်ရလျှင် ဂိမ်းထဲတွင်ကန်သည်။ ဘောလုံးဂိမ်းဆော့နေလျှင် တစ်နေကုန်ထိုင်ပြီးဆော့သည်။

၉။ မျိုးကျော့မြိုင်နှင

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

28.04.2007 | 11 Comments
me, taggging
11 Comments to “ကျွန်တော့်အကြောင်း ၁၀ချက်”
1 2 3
  1. Ko Waiyan Yei,

    ၅။ စာရေးအင်မတန်ညံ့ပါသည်။ ၁၀ တန်းစာမေးပွဲဖြေသောအခါ စာစီစာကုံးသည် မဖြေမနေရဖြစ်နေ၏။ —-ထို့ကြောင့် အမှတ်ထွက်လာသောအခါ ၆၀ ကျော်ပဲရခဲ့၏။

    U ga taw par thay tel. I tone ga 12pages yay: tar taung mha 57marks pel ya tel byar.

    ၆။ ငယ်စဉ်က အင်မတန်ကို ရှက်တတ်ပါသည်။ ကောင်မလေးများနှင့် စကားပြောရမည့်အချိန်တွင် ပိုဆိုးတတ်ပါသည်။ သူစိမ်းမိန်းကလေးတစ်ယောက်နှင့် စကားပြောရလျှင် မျက်နှာကို မကြည့်ရဲပါ။ ခုတော့ ပုံမှန်ဖြစ်သွားပါပြီ။

    If so, where did you look at? hehe, just be thinking of. Don’t soe your seit naw.

  2. ကျွန်တော်စာစီစာကုံးသာ ကောင်းကောင်းရေးနိုင်ရင် D ထွက်နိုင်တယ်ဗျ။ နော်။

    မျက်နှာမကြည့်ရဲဘူးဆိုမှတော့ … ဟီးဟီး… မျက်နှာမဟုတ်တဲ့နေရာကြည့်မှာပေါ့ဗျာ။ ဘယ်ကိုကြည့်လဲတော့ သေချာမှတ်မိတော့်ဘူး။

  3. ၁၀ ချက်ရေးပြီးပြီနော်…

  4. ကောင်းပ မောင်သန့်ဇင်ရေ

  5. ၅။ စာရေးအင်မတန်ညံ့ပါသည်။ ၁၀ တန်းစာမေးပွဲဖြေသောအခါ စာစီစာကုံးသည် မဖြေမနေရဖြစ်နေ၏။ ထို့ကြောင့်ရေးပေးလိုက်သည်။ စာစီစာကုံးတို့၏ လိုအပ်ချက်အတိုင်း အားလုံးပေါင်း ၃ ပိုဒ်ပဲပါသည်။ တစ်မျက်နှာပဲရှိသည်။ ဘယ်လိုမှဆက်မရေးတတ်တော့ပါ။ တစ်မျက်နှာပြည့်အောင် စာတစ်ကြောင်းနှင့် တစ်ကြောင်းကြားတွင် လက်ညှိုးတစ်လုံးစာ ခြားပြီးရေးပေးလိုက်ရပါသည်။ ထို့ကြောင့် အမှတ်ထွက်လာသောအခါ ၆၀ ကျော်ပဲရခဲ့၏။ << ဘ၀တူတွေပဲ.. I can’t write an essay too.


1 2 3

Leave a Reply

(required)

(required)