နေကောင်းဘူး
စိတ်ညစ်နေတယ်။ လူက သိပ်နေမကောင်းဘူး။ ဘောလုံးကန်တာ မနိုင်ဘူး။ ဘောလုံးပွဲကြည့်တာ မန်ယူက ဘိုရိုကို နိုင်အောင်မကန်နိုင်ဘူး။ နောက်နေ့ရောက်တော့ လည်ချောင်းတွေနာလာတယ်။ ခုချောင်းတွေဆိုးနေပြီ။ အဟွတ်… ဟွတ် .. ဟွတ်…။ မြန်မာပြည်မှာဆို မိုးရွာထဲဘောလုံးကန်ရင် ဘာမှမဖြစ်ဘူး။ ခုမှ ဘာတွေဖြစ်လို့လဲမသိဘူး။ ခုအတန်းထဲမှာ ဘရိတ်ရတုန်း (Break) တင်လိုက်တာ။ ကိုရန်အောင်ကျွန်တော့်ကို သူ့ tag game ထဲဆွဲထည့်ထားတာ တွေ့တယ်။ ဒုက္ခပါပဲဗျာ။ နေမကောင်းပါဘူးဆို …. သူကဇွတ်ပဲ။ ဟုတ်ကဲ့ဗျာ။ ကျွန်တော် နေကောင်းရင် ရေးပါ့မယ်။ နော်။ ကျွန်တော့်ကို လူမမာလာမေးချင်ရင် မုန့်လေးတော့ ယူလာခဲ့ကြနော်။ မပါရင်တော့ မခေါ်ဘူး။ အားလုံးပဲ အဟွတ်… အဟွတ်… အာ…….
continue reading