Blog

မိုးတွေရွာရင်

မိုးတွေရွာရင်တဲ့။ အင်း… မိုးရွာရင် … တကယ်တမ်းတော့ မိုးရာသီဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ သုံးရာသီထဲမှာ ကျွန်တော်သဘောမကျဆုံးပဲ။ ဘာဖြစ်လို့လဲလို့မေးရင် ဘာဖြစ်လို့မှန်းကိုမသိတာ။ ဟ .. ဟ .. ရှင်းသွားရော။ ငယ်စဉ်ကလေးဘ၀တုန်းကတော့ မိုးတွေရွာရင် မိုးရေချိုးရလို့ ပျော်ခဲ့ဖူးပါတယ်။ မိုးရွာထဲမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရတာလဲ ခဏခဏပါပဲ။ နည်းနည်းအရွယ်ရောက်လာတော့ မိုးရွာရင် သိပ်မကြိုက်တော့ဘူး။ ဟုတ်တယ်လေ။ ကြီးကောင်ကြီးမားနဲ့ မိုးရေထွက်ချိုးလို့လဲမရ။ လမ်းပေါ်ထွက်ပြီး ဘောလုံးကန်မယ်ဆိုလဲ အမြင်မတော်ဘူးဖြစ်ပြန်ဆိုတော့။ မိုးရွာရင် ဘာမှကိုလုပ်လို့မရတာ။ အပြင်သွားချင်ရင်လဲ ထီးဘယ်လောက်ကောင်းကောင်း အနည်းဆုံး အောက်ခြေလောက်တော့ စိုရွှဲနေတာပဲ။ သွားရလာရတာ အတော်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ရာသီပဲ။ လမ်းတွေကလဲ အင်မတန်ကောင်းရှာတယ်ဆိုတော့ မိုးရွာပြီးချိန်ဆိုရင် အိမ်ရှေ့လမ်းမှာ သိုင်းကွက်နင်းနေကြတဲ့လူတွေ အများကြီး။…

continue reading
24.06.2007 | 3 Comments
personal, thoughts