Blog

Myanmar Traditional Show 2007


ကျွန်တော်ဘလော့မှာ စာမရေးနိုင်တာ တော်တော်ကိုကြာသွားခဲ့ပါပြီ။ ဘာတွေဖြစ်နေလဲဆိုတော့ ရှင်းရှင်းလေးပါ။ မအားလို့ပေါ့။ ဒါနဲများခုပို့စ်ကို ဘာလို့ရေးလဲလို့မေးရင် ကြော်ငြာချင်လို့ပါခင်ဗျာ။ ကျွန်တော်တို့ကျောင်း Singapore Polytechnic မှာ ခုနှစ်အတွက် Myanmar Traditional Show 2007 ဆိုတဲ့ ပျော်ရွှင်ဖွယ်ရာပွဲတော်တစ်ခု မကြာခင်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ မနှစ်ကလဲ သင်္ကြန်ပွဲကြီးကျင်းပခဲ့ပြီး ကျွန်တော်တို့ မြန်မာညီကိုမောင်နှမများ ပျော်ရွှင်စွာဆင်နွှဲခဲ့ပြီးပါပြီ။ ခုနှစ်မှာလဲ မနှစ်ကထက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်များနဲ့ ကျင်းပဦးမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အကများ၊ ပရိတ်သတ်များကို ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ အငြိမ့်သဘင်၊ Myanmar Music Band ရဲ့တေးဂီတအစီအစဉ်များနဲ့ ဖျော်ဖြေပေးမှာဖြစ်ပြီး မြန်မာအစားအစာများနဲ့ ကျွေးမွေးမှာဖြစ်ပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်လဲဆိုတာ သိချင်ရင်တော့

နေ့ရက်။ ။ သြဂုတ်လ ၅ရက် ၂၀၀၇ ခုနှစ် (တနင်္ဂနွေနေ့)
အချိန်။ ။ နေ့လည် ၃နာရီမှ ည ၈နာရီအထိ
နေရာ။ ။ Auditorium, Singapore Polytechnic

စင်္ကာပူမှာရှိနေတဲ့ ညီကိုမောင်နှမများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ လက်မှတ်များကို နောက်တစ်ပတ်မှစတင်ပြီး ရောင်းချပေးသွားမှာဖြစ်ပြီး တန်ဖိုးကတော့ ၉ဒေါ်လာဖြစ်ပါတယ်။

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

17.07.2007 | 1 Comment
sp
One Comments to “Myanmar Traditional Show 2007”

  1. ဦးဦးဝေ စီဘောက်စ်က ပေါ်မလာတာ တော်တော်ကြာလို့ ဒီမှာလာအော်သွားတယ်။ ဘယ်ပျောက်နေတာလဲ။ Tag ထားတယ် ရေးပေးဦး “ဘာလို့ဘလော့ဂ်ဖြစ်လဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့… :)


Leave a Reply

(required)

(required)