Blog

ကျွန်တော်နှင့် စက်တင်ဘာလ ၁ရက်

နီးရာဆိုင်ထဲကို အမြန်ပြေးဝင်လိုက်ပြီးတော့ စားပွဲထိုးလေးက “ကြက်သားလား၊ ဆိတ်သားလား”တဲ့မေးတယ်။ အလောတကြီးနဲ့ဆိုတော့ သေချာမကြည့်ပဲဝင်လာတာ။ ခုမှ ဒန်ပေါက်ဆိုင်မှန်းသိတယ်။ သိပ်တော့မကြိုက်ပေမယ့် မရွေးနိုင်တော့ဘူး။ အချိန်က မရှိဘူးလေ။ စိတ်ကပဲလောနေလို့လား၊ မကြိုက်လို့ပဲလားမသိပေမယ့် တစ်ပွဲတောင်မကုန်ပဲ ပိုက်ဆံရှင်းပြီးထွက်လာခဲ့တယ်။ နာရီကိုကြည့်လိုက်တော့ ၁နာရီခွဲနားရောက်နေပြီ။ တော်တော်လေးကိုနောက်ကျနေပြီပဲ။ ဒါနဲ့ အမြန်ဆုံးနဲ့ရောက်မယ့်နည်းကို စဉ်းစားလိုက်တော့ တစ်နည်းပဲရှိတယ်။ ကိုယ်ပိုင်ကားမရှိပေမယ့် ခဏလောက်တော့ ပိုင်မယ့်ကားတွေ လမ်းပေါ်မှာ အများကြီးပဲလေ။ ခဏလောက်ပိုင်မယ့်ကားတစ်စီးကို တားလိုက်တော့ ပြောလိုက်တဲ့ဈေးကမသေးဘူးဗျာ။ နည်းနည်းလောက် ဈေးဆစ်ကြည့်တော့ သူတို့ဖွင့်နေကျ ဓာတ်ပြားဟောင်းတွေကို ဖွင့်ပြကြတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဒီခေတ်ကြီးရဲ့ တစ်လမ်းသွားကုန်ဈေးနှုန်းတွေကြားမှာ ရုန်းကန်နေရတဲ့သူတို့တွေဘ၀ သိပ်တော့မလွယ်ကြပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ကားဆရာက သဘောကောင်းစွာနဲ့ ၂၀၀ကျပ်လျှော့ပေးလိုက်တော့ အားနာနာနဲ့ပဲ ကားပေါ်တက်လိုက်တယ်။…

continue reading
7.09.2007 | 1 Comment
blog