Blog

ကျွန်တော်ကြိုက်သော Firefox add-on များ

ကျွန်တော်အသုံးပြုနေတဲ့ Firefox extension တွေထဲက ကျွန်တော်ကြိုက်တဲ့ Extension လေးတွေကိုဖော်ပြလိုက်ပါတယ်။

၁။ Answer

Web page ပေါ်မှာရှိတဲ့ စကားလုံးတွေရဲ့ information တွေကို click တစ်ချက်နှိပ်ရုံနဲ့ ဖော်ပြပေးနိုင်တဲ့ Add-on တစ်ခုပါ။ သိချင်တဲ့ စကားလုံးပေါ်ကို alt+click နှိပ်လိုက်ရင် Form တစ်ခုပေါ်လာပြီး ရှင်းလင်းချက်တွေကို မြင်ရမှာပါ။

၂။ Downthemall

ဒါကတော့ download manager and accelerator တစ်ခုဖြစ်ပြီး အမြန်နှုန်းကို ၄၀၀% အထိမြှင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ Download လုပ်ရင်းနဲ့ ခဏရပ်ထားပြီး နောက်မှအချိန်မရွေးပြန်စလို့လဲရပါတယ်။

၃။ Interclue

page ပေါ်က link တွေကို preview ကြည့်တဲ့ extension တစ်ခုပါ။ page တစ်ခုလုံးကိုကြည့်နိုင်ပြီး bookmark လုပ်လို့ရသလို email ပို့ချင်တယ်ဆိုလည်း ပို့နိုင်ပါတယ်။

၎။ Web Developer

Firefox ရဲ့ toolbar မှာ web developer တွေအတွက် tools တွေကိုထည့်ပေးထားပါလိမ့်မယ်။ Web Developer တွေအတွက် အသုံးဝင်မှာပါ။ (web developer မဟုတ်တဲ့သူတွေအတွက်တော့ ဒီဟာက သိပ်အသုံးဝင်မှာမဟုတ်ပါဘူး။)

၅။ ScribeFire

ဒီဟာကိုသုံးပြီး blog တွေကို အလွယ်တကူ ပို့စ်တင်နိုင်ပါတယ်။

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

31.10.2007 | 2 Comments
Firefix add-ons
2 Comments to “ကျွန်တော်ကြိုက်သော Firefox add-on များ”

  1. I like Firebug for debugging javascript.

  2. Yes. I think it is a bit similar to windows developer extension but not exactly. I feel that both are useful.


Leave a Reply

(required)

(required)