blog

IT Show

မနေ့ကညနေပိုင်းမှာ Suntec City Mall မှာကျင်းပနေတဲ့ IT ပြပွဲကိုသွားကြည့်ဖြစ်ခဲ့တယ်။ လူတွေများလွန်းလို့ မနည်းကိုတိုးသွားနေရတာ ဘာမှကိုသေသေချာချာမကြည့်နိုင်ဘူး။ City Hall MRT Station ကနေလမ်းလျှောက်သွားတာ တစ်လမ်းလုံးပြည့်ကြပ်နေတာပဲ။ မြန်မာပြည်မှာ ပွဲဈေးထဲတိုးနေရတဲ့အတိုင်းပဲ။ လာကြည့်ရုံကြည့်တဲ့လူတွေများသလို တကယ်လာဝယ်တဲ့လူတွေလည်းအများကြီးပဲ။ လျော့ဈေးနဲ့ရောင်းနေတော့ဝယ်သူတွေများတာပေါ့။ အဲဒီမှာ Display ပြထားတဲ့ တီဗီကြီးတွေကိုဝယ်ရင် ၃၀ရာခိုင်နှုန်းလျော့ပေးတယ်။ အသစ်တော့မဟုတ်ဘူး။ သူတို့ပြပွဲမှာနမူနာဖွင့်ပြနေတဲ့တီဗီတွေပါ။ အဲဒါကိုလည်း ၀ယ်ထားပြီးသားတွေမနည်းဘူး။ ၀ယ်ပြီးသားတီဗီဆိုရင် သူတို့က Sold ဆိုပြီးစာကပ်ထားတယ်။ ကျွန်တော့်အထင်တော့ ပြပွဲပြီးမှ ၀ယ်သူကရမယ်ထင်တယ်။ အဲဒီမှာနည်းနည်းစိတ်ဝင်စားစရာလေးတစ်ခုတွေ့တယ်။ The world largest PLASMA TV တဲ့ဗျ။ ၁၀၃လက်မရှိတယ်။ ဈေးတော့ဘယ်လောက်လဲမသိဘူး။ မေးလည်းမမေးချင်တော့ပါဘူး။ ၀ယ်နိုင်တာမှမဟုတ်တာ။ တော်တော်ကြီးကိုကြည့်လို့ကောင်းတယ်။ ကာတွန်းကားပြနေလို့…

continue reading
9.03.2007 | 2 Comments
IT, technology