Blog

Make every word interactive with Hyperwords

Firefox အတွက် Add-on တစ်မျိုးပါ။ အဲဒီဟာကိုသုံးရင် Web page တွေပေါ်မှာရှိတဲ့ Text တွေကို Search translate convert email print post to your blog copy စတာတွေပြုလုပ်နိုင်ပါတယ်။ တော်တော်တော့ အသုံးတည့်နိုင်တဲ့ဟာလေးပါ။ အပေါ်က video မှာသူ့ရဲ့အသုံးပြုပုံတွေကို ရှင်းပြထားပါတယ်။ ကြည့်ပြီးရင် ကြိုက်သွားလိမ့်မယ်။ဒီနေရာမှာ ယူလို့ရနိုင်ပါတယ်။ Soruce: Lifehacker Technorati:firefox add-on

continue reading
8.06.2007 | 0 Comment
firefox add-on

HTML ဆိုတာ

ဒီပို့စ်ကိုရေးရတဲ့ရည်ရွယ်ချက်ကတော့ မသိသေးသူများ ဗဟုသုတရပြီး HTML နဲ့ပတ်သက်တာတွေကို အခြေခံကစပြီး လေ့လာနိုင်ဖို့အတွက်ပါ။ သိပြီးသားပုဂ္ဂိုလ်များကတော့ မျက်စိညောင်းလိမ့်မယ်ဗျ။ HTML ဆိုတာHypertext Markup Language ကိုခေါ်တာဖြစ်ပါတယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ HTML ဆိုတာ အင်တာနက်စာမျက်နှာ (website) များကိုဖန်တီးရာမှာ အသုံးပြုတဲ့ ကွန်ပျူတာဘာသာစကားတစ်မျိုးဖြစ်ပါတယ်။Hypertext – ဆိုတာက အသုံးပြုသူ သို့မဟုတ် ကြည့်ရှုသူရဲ့ တောင်းဆိုမှုကိုအခြေခံပြီး အခြားသက်ဆိုင်ရာ သတင်းအချက်အလက်များရှိတဲ့နေရာများကို hyperlinks ဆိုတဲ့အထူးပြုလုပ်ထားသော text များကိုနှိပ်ခြင်းအားဖြင့် ရောက်ရှိသွားအောင် ပြုလုပ်ပေးသောနည်းပညာတစ်ခုပါ။Markup Language – ဆိုတာက text တွေနဲ့အဲဒီ text တွေရဲ့အခြားအချက်အလက်များကို ပေါင်းစပ်ထားတဲ့ language တစ်ခုပါ။ အခြားအချက်အလက်တွေဆိုတာက အဲဒီ text တွေရဲ့ဖွဲ့စည်းပုံ…

continue reading
5.06.2007 | 10 Comments
html, tutorial

TabView Widget

ကိုယ့်ဘလော့ရဲ့ပို့စ်တွေ၊ ကွန်မန့်တွေ ဒါမှမဟုတ် တခြားဘလော့တွေရဲ့ပို့စ်တွေကို Tab ကနေကြည့်လို့ရအောင်လုပ်ထားနိုင်တဲ့ Widget လေးပါ။ ကျွန်တော်ကိုယ်တိုင်ရေးတာတော့ ဘယ်ဟုတ်ပါ့မလဲနော် (လူတိုင်းလဲ သိလောက်ပါတယ်)။ Hoctro ရဲ့ဖန်တီးထားတဲ့ Widget တစ်ခုပါ။ Yahoo! ရဲ့ TabView Widget ကိုအခြေခံပြီး ရေးထားတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင် သူ့ရဲ့ပို့စ် ၄ ခုကို ဖတ်လိုက်ရပါတယ်။ နည်းနည်းတောင် မူးသွားတယ်ဗျာ။ သူ့ဆီက ခွင့်ပြုချက်တောင်းပြီး ဒီမှာ ဘာသာပြန်ပေးလိုက်ပါတယ်။ ဖတ်တဲ့လူတွေ အဆင်ပြေအောင် ပို့စ်တစ်ခုထဲမှာပေါင်းရေးလိုက်ပါမယ်။ အဆင့်-၁အောက်မှာပြထားတဲ့ Javascript ကုဒ်တွေကို </head> ရဲ့အပေါ်နားမှာ ကူးထည့်လိုက်ပါ။ ဒါမှမဟုတ် အဲဒီကုဒ်တွေကို js ဖိုင်အနေနဲ့ hosting တစ်ခုမှာတင်ထားပြီး ခေါ်သုံးလဲရပါတယ်။ကျွန်တော်ကတော့ တန်းပလိတ်ထဲမှာပဲ…

continue reading
26.05.2007 | 6 Comments
hacks, tabview, widget

QT TabBar for Windows Explorer

QT TabBar ဆိုတာက ခုလက်ရှိသုံးနေကြတဲ့ Windows Explorer ကိုတစ်ခြားအသုံးဝင်တဲ့ function တွေထပ်ထည့်ပေးတဲ့ freeware application တစ်ခုပါ။ Explorer ကို Tab တွေခွဲပြီးသုံးလို့ရတဲ့ function ပါပါတယ်။ နောက်ပြီးဖိုလ်ဒါတွေ၊ ပုံတွေကိုလည်း drop-down preview နဲ့ကြည့်လို့ရပါသေးတယ်။ နောက်ထပ် Recently Closed တို့ Search တို့စတဲ့ function တွေအများကြီးလဲရှိပါသေးတယ်။ Windows platform အတွက်ပဲရပါတယ်။ Win XP မှာသုံးမယ်ဆိုရင်တော့ .NET framework ကိုအရင် install လုပ်ရပါမယ်။ မဟုတ်ရင်တော့ QT TabBar ကိုသွင်းလို့မရပါဘူး။ Vista အတွက်ဆိုရင်တော့ .NET မလိုပါဘူး။…

continue reading
22.05.2007 | 0 Comment
freeware

Xplorer2_lite

Windows Explorer ကိုအစားထိုးပြီး သုံးနိုင်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုပါ။ Xplorer2_lite (free version) ဟာကိုယ့်စက်ထဲမှာရှိတဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေကို explorer လုပ်ရာမှာ Windows Explorer ထက်ပိုပြီးစွမ်းဆောင်နိုင်ပါတယ်။ Windows Explorer နဲ့မတူတာက သူ့မှာ interface က 3 column ဖြစ်တဲ့အတွက် ဖိုင်တွေကို ကော်ပီကူးတာတို့ ရွေ့ပြောင်းတာတို့မှာ ပိုပြီးအဆင်ပြေလွယ်ကူပါတယ်။ ဒါနဲ့မှ မလောက်သေးဘူးဆိုရင် Ctr+Ins ကိုနှိပ်ပြီး Tab အသစ်တွေကိုလည်း ဖွင့်နိုင်ပါသေးတယ်။ နောက်တစ်ခုက ကိုယ်အမြဲဖွင့်နေကျ ဖိုလ်ဒါတွေကို Bookmark လုပ်ထားပြီး Keyboard Shortcut ပါလုပ်ထားနိုင်တာပါပဲ။ ဥပမာ – Drive D: ထဲမှာ Tools…

continue reading
12.05.2007 | 3 Comments
freeware, xplorer2_lite
Page 9 of 24« First...«7891011»20...Last »